1. Help Center
  2. HubSpot New Tips

How to create a live chat

Let's create a live chat to connect with our customers directly

Create a live chat 

ကိုယ့် team members တွေနဲ့ ကာစတန်မာတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ရာ chat flow တခုကို ဖန်တီးနိုင်ပါတယ်။  

ဒီ live chat က ကာစတန်မာတွေ ဝက်ဘ်ဆိုက်ထဲ လာရောက်ကြည့်ရှုတဲ့အခါ widget အနေနဲ့ ပေါ်နေမှာ ဖြစ်ပြီး နှိပ်လိုက်ရင် team member တယောက်နဲ့ တိုက်ရိုက် တွေ့ဆုံ စကားပြောနိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုမျိုး chat flow တခု ဖန်တီးချင်ရင်တော့ အခုပဲ လေ့လာကြည့်ရအောင် 

Facebook messenger နဲ့လည်း chat flow တခု ဖန်တီးနိုင်ပါတယ်။  

မစတင်မီ 

Live chat တခု မဖန်တီးခင် conversations inbox မှာ chat channel တခုနဲ့ ချိတ်ဆက်ရပါတယ်။ ဒီ chat channel ကတော့ ကိုယ့် team ရဲ့ အားမအားပေါ်မူတည်ပြီး widget လေး ပြမပြ စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။ 

ဒါအပြင် HubSpot နဲ့ မချိတ်ဆက်ထားတဲ့ website မှာ live chat ထည့်မယ်ဆိုရင် tracking code အရင်ထည့်ထားဖို့လိုပါတယ်။  

tracking code ကို install မလုပ်ထားရင် live chat  က ပေါ်လာမှာ မဟုတ်ပါဘူး။

ပထမဆုံးအနေနဲ့ HubSpot acc ထဲက Conversations ထဲက Chatflows ကို သွားပါ။  

 

အပေါ်ညာဘက်နားက Create Chatflow ကိုနှိပ်ပါ။ 

 

Website ကို ရွေးချယ်ပါ။ 

 

ဘယ်ဘက်ခြမ်းနားက live chat option ကို ရွေးချယ်ပါ။

ကိုယ့် team နဲ့ visitor နဲ့ ချက်ချင်း စကားပြောလို့ရစေချင်တယ်ဆိုရင် live chat ကိုရွေးချယ်ပေးပါ။ 

Next ကိုနှိပ်ပါ။  Account ထဲမှာ များစွာသော inboxes တွေရှိနေပါက Select an inbox dropdown ကို နှိပ်ပါ။ မတူညီတဲ့ inbox တခုရွေးချယ်ပါ။ 

 

ဘာသာစကားရွေးချယ်ရန် Select a language ထဲက ဘာသာစကားရွေးချယ်ပါ။

Create ကိုနှိပ်ပါ။ 

၁။ အဖွင့် နှုတ်ဆက်စကား တခု ဖန်တီးပါ။ Visitor က ပထမဆုံးစ စကားပြောတဲ့အခါ မြင်ရမယ့် စာတိုကို စိတ်ကြိုက်ဖန်တီးချင်ရင်တော့ Welcome message ကိုနှိပ်ပါ။ Write a welcome message text box ထဲမှာ စာရိုက်ထည့်ပါ။  

Knowledge Base Search လေးကို အမှန်ခြစ်လေး နှိပ်ထားပေးပါ 

ဝင်လာတဲ့ conversations တွေကို သက်ဆိုင်ရာ မန်ဘာတွေဆီ ရောက်စေဖို့ရာ Automatically assign conversations ကိုနှိပ်ပါ။ ဘယ် users သို့ teams ဆီပို့ပေးမလဲဆိုတာ dropdown menu ကို အသုံးပြုပြီး ရွေးချယ်ပါ။  

Vistors တွေကို သူတို့ရဲ့ အီးမေးလ်ပေးထားခဲ့ဖို့ တောင်းချင်တဲ့အခါ Email capture section ကို နှိပ်ပါ။ 

Ask visitors for their email address dropdown menu လေးကိုနှိပ်ပြီး option တခုရွေးပါ။ ပြီးရင် အီးမေးလ်တောင်းတဲ့အခါ ပြချင်တဲ့ message ရိုက်ထည့်ပါ။  

ပြီးရင် Save ကို နှိပ်ပြီး Target Tab ကို သွားပါမယ်။ 

၂။ Live chat ကို ဘယ်နေရာမှာ ပေါ်နေစေချင်လဲ ဆုံးဖြတ်မယ် 

Target tab မှာဆိုရင် Live Chat widget လေးကို ဝက်ဘ်ဆိုဒ်ရဲ့ ဘယ်စာမျက်နှာ ဘယ်နားမှာ ပေါ်စေချင်သလဲဆိုတာ နေရာချလို့ရတယ်။  

Website URL တခုပေါ်မှာ ပေါ်စေချင်တယ်ဆိုရင်တော့  

၁။ ပထမဆုံး dropdown menu ကိုနှိပ်ပါ။ Website URL ကို ရွေးချယ်ပါ။ 

၂။ ဒုတိယ dropdown menu ကိုနှိပ်ပါ။ Targeting rule တခုကို ရွေးချယ်ပါ။ 

၃။ text field ထဲမှာ ပေါ်စေချင်တဲ့ URL link ကိုဖြည့်ပါ။ 

သီးသန့် query parameters ထည့်သွင်းထားတဲ့ website page တွေမှာ live chat widget ကို ပြသချင်ရင်တော့ 

၁။ ပထမ dropdown menu ကိုနှိပ်ပါ။ Query parameter ကိုရွေးချယ်ပါ။ 

၂။ ပထမစာဖြည့်ရမယ့်နေရာမှာ query parameter နာမည်ကို ရိုက်ထည့်ပါ။ 

၃။ ဒုတိယစာဖြည့်ရမယ့်နေရာမှာ query parameter value ကို ရိုက်ထည့်ပါ။ 

တခြားသော rule တွေ ထည့်ချင်ရင်တော့ Add rule ကိုနှိပ်ပြီး ထည့်ပေးပါ။ 

တချို့သော ဝက်ဆိုဒ်စာမျက်နှာတွေမှာ live chat widget လေး ပေါ်မနေစေချင်တော့ Add exclusion rule ကိုနှိပ်ပြီး ဖယ်လို့ရပါတယ်။ 

လာရောက်ဝင်ကြည့်တဲ့ visitors တွေရဲ့ သိပြီးသား အချက်အလက်တွေပေါ်မူတည်ပြီးလည်း live chat ကိုပြမပြ target ထားလို့ရတယ်။ 

ပြုလုပ်ချင်ပါက Visitor information and behavior (optional) section ထဲမှာ ပြုလုပ်ရပါမယ်။ 

 

ပထမဆုံး dropdown menu ထဲက filter  ကိုရွေးချယ်ပါ။   

ဒုတိယ dropdown menu ထဲက criteria ကိုရွေးချယ်ပါ။ 

တခြားသော rule တွေ ထည့်ချင်ရင်တော့ Add rule ကိုနှိပ်ပြီး ထည့်ပေးပါ။ 

တချို့သော ဝက်ဆိုဒ်စာမျက်နှာတွေမှာ live chat widget လေး ပေါ်မနေစေချင်တော့ Add exclusion rule ကိုနှိပ်ပြီး ဖယ်လို့ရပါတယ်။ 

နောက်ထပ် Filter တခုထပ်ထည့်ချင်သေးရင် Add filter group ကို နှိပ်ပါ။ 

ပြီးရင်တော့ save ကိုနှိပ်ပြီး Display tab ကို နှိပ်ပါ။ 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၃။ live chat ကို ပြသပေးမယ့်ပုံစံ ဖန်တီးခြင်း 

Display tab မှာတော့ live chat display settings တွေကို စိတ်ကြိုက်ဖန်တီးပြုလုပ်လို့ရတယ်။  

Choose chat avatar section ထဲက Chat Heading dropdown menu ကိုနှိပ်ပါ။ widget မှာ ပေါ်စေချင်တဲ့ နာမည်တွေ ပုံတွေ ရွေးချယ်ပါ။ 

Custom Branding ကတော့ ယေဘုယျနာမည်တမျိုးနဲ့ ပုံ တပုံ ပြပေးမယ်။ အပေါင်း လက္ခဏာ လေးကို နှိပ်ပြီး ပုံထည့်ပါ ပြချင်တဲ့နာမည် ရိုက်ထည့်ပါ။ 

Specific users and teams ကတော့ ပြပေးချင်တဲ့ သူတွေ နာမည်တွေ ရွေးလို့ရတယ်။ နာမည် သုံးခုထက်ပိုရွေးထားရင် အလှည့်ကျ ပြပေးနေလိမ့်မယ်။ 

Contact owner မှာတော့ New visitor fallback dropdown menu ကိုနှိပ်ပြီး လာစကားပြောတဲ့ assigned မလုပ်ထားတဲ့ visitors အသစ်တွေအတွက် option ရွေးပေးလို့ရတယ်။ 

 

Chat display behavior section ထဲမှာတော့ desktop သို့ မိုဘိုင်း မျက်နှာပြင်တွေ ပေါ်မှာ widget ရဲ့အနေအထားကို ထိန်းချုပ်လို့ရတယ်။  

Pop open the welcome message a prompt က chat widget လေးရဲ့အပေါ်မှာ welcome message preview လေးကို တွေ့ရလိမ့်မယ် 

 

 

  

 

 

 

 

 

 

 

Only show the chat launcher က တော့ chat widget လေးပဲ မြင်နေရလိမ့်မယ် 

 

 

Show the welcome message then pop open the chat when a trigger is met ကတော့ welcome message preview ရော chat widget လေးပါ ပွင့်နေတာကို မြင်ရလိမ့်မယ် 

 

ဘယ်လိုအနေအထားနဲ့ ပြသမလဲ ရွေးပြီးရင် ဘယ်အချိန်မှာ ပြပေးမလဲပါရွေးလို့ရပါတယ်။ 

On exit intent က Visitors mouse အရွေ့ပေါ်မူတည်ပြီး live chat widget လေး ပြပေးပါလိမ့်မယ် 

Time on page in seconds က ဝက်ဘ်ဆိုဒ်စာမျက်နှာ မှာ ရှိနေတဲ့ အချိန်ကာလတခု(စက္ကန့်ပိုင်း) ကြာတဲ့အခါ live chat widget လေး ပြပေးပါလိမ့်မယ် 

Percentage of the page scrolled က ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ သတ်မှတ်ထားတဲ့ အနေအထားတခုလောက် ကြည့်ပြီးတဲ့အခါမှ live chat widget လေး ပြပေးပါလိမ့်မယ် 

Mobile tab မှာဆိုရင် 

Pop open the welcome message as a prompt က chat widget လေးရဲ့အပေါ်မှာ welcome message preview လေးကို တွေ့ရလိမ့်မယ် 

Only show the chat launcher က တော့ chat widget လေးပဲ မြင်နေရလိမ့်မယ် 

ပြီးရင်တော့ Save ကိုနှိပ်ပြီး options tab ကိုသွားပါမယ်။ 

၄။  

options tab မှာဆိုရင် live chat ရဲ့ ဘာသာစကားပြင်လို့ရမယ်။  

Select a language dropdown menu ထဲမှာ ကိုယ်ကြိုက်တဲ့ ဘာသာစကားရွေးချယ်ပြီး save ကိုနှိပ်ပါ။ 

Live chat widget အတွက် Cookie consent text ပြမပြကို ဒီမှာ ဖွင့်ထားလို့ရတယ်။  

Cookie consent text ပြမယ်ဆိုရင် ဘယ်အချိန်မှာ ပြမှာလဲဆိုတာ ရွေးချယ်လို့ရတယ်။ 

Visitor စ စကားလာပြောတဲ့အချိန်မှာ ပြမယ်ဆိုရင်တော့ Show consent banner before visitor starts a chat ကို ရွေးချယ်ပါ။ 

Visitor page ကနေ ထွက်ခွာမယ့်အချိန်မှာ ပြမယ်ဆိုရင်တော့ Show consent banner to visitor on exit intent ကို ရွေးချယ်ပါ။ 

Visitor တွေ သူတို့ရဲ့ ဒေတာတွေ အသုံးပြုခွင့် consent တောင်းမယ်ဆိုရင်တော့ Consent to process data ကို ဖွင့်ပေးရပါမယ်။ 

Consent type dropdown menu ကိုနှိပ်ပြီး အောက်က option တခုခုကို ရွေးချယ်ပါ. 

Require explicit consent – visitors တွေက စာမပို့ခင် I agree ကိုနှိပ်ပေးရမယ် 

Legitimate interest – visitors တွေက စာစပို့လိုက်တာနဲ့ သဘောတူညီပြီးသား ဖြစ်သွားပြီ Consent တောင်းခံတဲ့စာက ပြထားမယ် ဒါပေမဲ့ I agree ကို နှိပ်စရာမလိုဘူး  

Process consent text field ထဲမှာ default text ရှိမယ်။ ပြင်ချင်တယ်ဆိုရင်လည်း edit လုပ်လို့ရတယ်။ အရင်စာကိုပဲ ပြန်လိုချင်ရင် Reset to default text provided by HubSpot ကိုနှိပ်လိုက်ပါ။ 

Visitors တွေ စပြီးစကားလာပြောတဲ့အခါမှာ Subscription type ထဲကို ပို့ချင်တယ်ဆိုရင် Consent to communicate ကို ဖွင့်ထားပေးရမယ်။  

Subscription type dropdown menu လေးကိုနှိပ်ပြီး subscription type ကိုရွေးချယ်ပေးပါ 

ဘယ်လို ဆက်သွယ်မှုတွေ ပြုလုပ်မလဲဆိုတာကို ကာစတန်မာတွေကို အသိပေးတဲ့ စာတိုလေးတွေ Check box label text field ထဲမှာ ရေးပေးပါ 

ပြီးရင် Save ကိုနှိပ်ပေးပါ။ 

Live chat တခုကို ပြုလုပ်လို့ ပြီးသွားပြီဆိုရင်တော့ preview လေးကို နှိပ်ပြီး ကိုယ့်ဝက်ဘ်ဆိုဒ် မှာ ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲဆိုတာကို အစမ်းကြည့်လို့ရပါတယ်။  

ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ပေါ်စေချင်ရင်တော့ Switch on ခလုတ်လေးကို နှိပ်ပေးလိုက်ရုံပါပဲ